Saturday, September 26, 2009

၂၀၀၈ christmas တုန်းရိုက်ထားတဲ့ပုံလေးပါ ။ မလှပေမယ့် မှတ်တရ ဖြစ်တာပေါ့ ။

နောက်တစ်ယောက်ထပ် မိတ်ဆက်ပါရစေဦး သူက ကျွန်တော်ရဲ့ ငယ်ငယ် ကတည်းက ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်ပါ။ သူ့နာမည်က ဇင်ယော်ဦး ပါ ။
အဲဒီအဆောက်အဦးလေးက kuala lumpur မြို့ထဲဝင်တာနဲ့အဝေးကနေလှမ်းမြင်နိုင်သော pwtc tower လေးပါ။ ကမ္ဘာ့အသိမှတ်ပြုသော tower လေးထဲတွင်ပါသော အဆောက်အဦးလေးပါ ။

မလေးရှား ၆၂ နှစ်မြောက်မွန်အမျိုးသားနေ့ ၌ ရိုက်ထားတဲ့ပုံလေးပါ ။ နှစ်တိုင်းဒီထက်ကျင်းပနိုင်ပါစေလို့ဆုတောင်းပါတယ် ။

ဒီပုံလေးက တစ်တည်းအခန်းထဲ၌ ကိုယ့်တိုင်ရိုက်ပြီး ပဲထုပ်လုပ်နေတဲ့ ပုံပါ ။
pavillion plaza ထဲကရိုက်ထားတာပါ။ ကျွန်တော့်ပုံလေးက မလှပေမယ့် နောက်ခံ ရုပ်ထုလေးတော့ လှမယ်ထင်လို့ တင်ထားတာပါ ။ အဲဒီရုပ်ထု လေးကရုပ်ထုအစစ်မဟုတ် လူတွေပါ၊ ရုပ်ထုစတိုင်လေးနဲ့ computer ကြေငြာနေတာပါ ။ သေသေချာချာ ကြည့်ပါရန် ။

ဒီ ၃ ယောက်ထဲ၌ကျွန်တော်က ပဲများနေပြန်ပြီး၊ ဒါနဲ့မိတ်ဆက်ပေးရဦးမယ် အလည်မှာထိုင်နေသူက ကျွန်တော့်ဝမ်းကွဲအကို ကျော်လှိုင်ဝင်းပါ၊ နောက်ဆုံးမှာထိုင်နေသူက ကျွန်တော့် အရင်းနှီးဆုံး သူငယ်ချင်းလည်းဖြစ် အကိုကြီးလို့လည်းခေါ် ကျွန်တော့် ကို သွေးသား အရင်းလို သွန်သင်ဆုံးမ ကူညီပေးတက်သော နာမည်က ညီညီလွှင် ကိုညီ or ဦးညီ လို့ခေါ်ကြပါတယ် ။